Friday, March 8, 2013
Android ဖုန်းများတွင် Software နှင်.Headware များကို ဖုန်းပြင်ဆိုင်မသွားဘဲ မိမိဖာသာ အလွယ်ဆုံးဖြေရှင်းနည်း။
နည်းပညာ တိုးတက်မှု.သည် အံ.မခန်းပင်ဖြစ်သည်။မြန်မာနိုင်ငံ၏ မကြီးကျယ်မခမ်းနားသော
အချိုးအပြောင်းအကွေ.တစ်ခုမှာ များမကြာမီကာလ တွင်လူတန်းစေ.ဖုန်းကိုင်နိုင်တော.မည်.ဖြစ်သည်ဟုထင်ရပါသည်။ယခုတွင်လည်း မြန်မာနိုင်ငံသူနိုင်ငံသား
အတော်များများ၏လက်ထဲတွင် ဖုန်းဆိုသောအရာသည်ရှိလာပြီဖြစ်ပေသည်။ဖုန်းဆိုသောအရာများတွင်လည်း Nokia /Huawei /Samsung စသည်.အမှတ်တံဆိပ်မျိုးစုံဖြင်.အမျိုးအစားစုံလင်စွာသောဟန်းဆက်များဖြင်. မျိုးကွဲးများစွာပျံ .နှံလျက်ရှိပေသည်။
တရုတ်ကြီးကောင်းမှု.ကြောင်. ပေါချောင်ကောင်း Huawei ဟန်းဆက် များသည် မြန်မာပြည်သူပြည်သားများ၏ မိတ်ဆွေကောင်းသဖွယ် icon တစ်ခုဖြစ်လာပါတော.သည်။
Android ဆိုသောဝေါဟာရသည်လည်း ပြည်သူများအကြားများစွာခေတ်စားလာသည်။
တစ်ချို.တွေကတော.ပန်းသီးစားကြသည်။
ထိုသို.သော android ဟန်းဆက်များအားအသုံးပြုကြပါကုန်သော ပြည်သူအပေါင်းတို.သည် မိမိတို.
၏ဟန်းဆက်များကိုကလိတာများလာသည်နှင်.အမျှ ဖုန်းတွင် error ဟုခေါ်သော ဖုန်းနှင်.ပက်သက်
သည်.ပြဿနာပေါင်းသောင်းခြောက်ထောင်ကလည်း အုန်းစားစရာကိစ္စများဖြစ်လာရသည်။
ထိုသိုသောအခါမျိုးတွင် ဖုန်းပြင်သောservice ဆိုင်များကိုအားကိုးလာကြရသည်။
ထိုသိုသောအခါမျိုးတွင် ဖုန်းအသုံးပြုသူမိဘပြည်သူများပိုက်ဆံအကုန်အကျများလာရသည်။
ထိုအချက်ကိုသိသော ကျွန်ုပ် ClUmD34Dk3R သည် အငြိမ်မနေနိုင်၍ တက်သမျှပညာမနေသာဆိုကာ
ဖုန်းsoftware & hardware Error များဖြေရှင်းနည်းကို ဆရာစားမချန် အတက်သင်ပေးလိုက်ပါ၏။
ပထမဦးစွာ Software error များဖြေရှင်းပုံကို ဦးစွာတင်ပြပါမည်။
android ဖုန်း များတွင် အသုံးပြုသော USER ၏မှားယွင်းစွာအသုံးပြုမှုကြောင်.သော်လည်ကောင်း
ကလိပါများလွန်း၍ လည်ကောင်း အောက်ပါ error များတက်လာရပါတော.သည်။
၁။ကင်မရာ app ထဲဝင်မရခြင်း
၂။ကင်မရာ၇ိုက်မရခြင်း
၃။game များ ကစား၍မရခြင်း
၎။bluetooth ပို.မရခြင်း/ လက်ခံ၍မရခြင်း
၅။မိမိထားခြင်သော Ringtone ၍မရခြင်း
၆။သီချင်းနားထောင်၍မရခြင်း
၇။စက်လေးခြင်း
၈။မြန်မာဖောင်.ထည်.ထားသောလည်း စာမပေါ်ခြင်း
၉။keyboard ပျောက်သွားခြင်း စသည် .error ပေါင်းမြောက်များစွာကို မိမိဖာသာ လွယ်ကူစွာဖြေရှင်းနိုင်သော
one stop service ဖြေရှင်းပုံကို တင်ပြပေးသွားပါမည်။
ပထမဦးစွာ မလိုအပ်သောအရာများကိုတင်ပြပါမည်။
ဤနည်းဖြင်.ဖြေရှင်းရန် မည်သည်.ဖုန်း device driver များမလိုအပ်ပါဘူး
ပြီးတော. ကွန်ပျူတာမလိုပါဘူး
ထို.ကြောင်.ဖုန်းအသုံးပြုသူUser များအနေဖြင်.လွတ်လပ်စွာ အလုပ်လုပ်နိုင်ပါသည်။
မြန်မာနိုင်ငံ၏လိပ်တတ်ကော်နက်ရှင်လဲမလိုအပ်ပါ။
ဒုတိယအနေဖြင်.လိုအပ်သောအရာများကို တင်ပြပါမည်
software error ဖြေရှင်း၇န်လိုအပ်သောအရာများမှာ-
၁။touch screen ကိုနှိပ်ရန် လက်ညှိုးအပါအ၀င် လက်တစ်စုံ
၂။touch screen ကြည်.ရန် မျက်စိတစ်စုံ
၃။A,B,C,D ဖတ်တတ်သော ဦးနှောက်တစ်ခုသာလိုပါသည်။
အလုပ်စလုပ်ပါတော.မယ်
ပထမဦးစွာ error ပြင်ဆင်မည်. ဖုန်းကို ပါဝါဖွင်.လိုက်ပါ။
ပြီးနောက် setting ထဲဝင်လိုက်ပါ
setting ထဲတွင် factory reset ဆိုသောအရာကို ရှာလိုက်ပါ။
တွေ.ပါကထိုအရာကိုနှိပ်၍ ဖုန်းကို format ရိုက်လိုက်ပါ။
ဖုန်းအလိုလို restart ကျသွားပါလိမ်.မည်။
ဖုန်းပြန်တက်လာလျှင် အားလုံးသော အရာerror များကင်းစင်လျှက်ဖုန်းသည်အသစ်အတိုင်းဖြစ်သွားလိမ်.မည်။
ရရှိလာသောအကျိုးကျေးဇူးများကိုလည်းပြောပြပေးသွားပါမည်။
ပထမဦးစွာ ဖုန်းပြန်တက်လာပါက အရင်ကပိုက်ဆံအကုန်အကျခံ၍ထည်.ထားသော application & game များကိုသင်.အနေဖြင်.မမြင်တွေရတော.ပါ။
သင်.အနေဖြင်. ဖုန်းအတွင်းမှတ်ထားသော အဆက်အသွယ်ဖုန်းနံပါတ်များ မှမတွေ.ရတော.ပါ။
သင်.အနေဖြင်.တွေးလိမ်.မည်...
သြော် ငါက အရေးကြီးလွန်းပါတယ်ဆိုသော အဆက်အသွယ်တွေဟာ ဘာမှမဟုတ်ပါလား..
ခဏအတွင်းမှာပင် ကွယ်ပျောက်ပြီ
ငါကငွေကြေးအကုန်အကျခံကာသွင်းထားသော ဆော.၀ဲတွေဂိမ်းတွေကလဲတစ်ကယ်တော.ဘာမှမဟုတ်ပါလား
ဒါတွေအားလုံးဟာဘာမှမတည်မြဲပါလားဆိုပြီး သံဝေဂအသိဝင်လာပေလိမ်.မည်။
ဒီလိုဖုန်းတစ်လုံးထဲမှာထည်.ထားတဲ. အရာတွေတောင်မတည်မြဲဘူးဆိုရင်
နေ.စဉ်နှင်အမျှဖြစ်ပျက်နေတဲ.ငါ.ရဲ.ရုပ်နာမ်ဟာလဲဘယ်တည်မြဲပါလိမ်.မလဲဆိုသော အသိဝင်လာပါလိမ်.မည်။
ဒီဟာရဲ.အကျိုးကျေးဇူးကတော. သင်ဟာတစ်နေ.မှာ မိုးကုတ်ဝိပဿနာ ကဲ.သို.သော တရားအလုပ်ကိုစိတ်ဝင်စားလာပါက
ယခုဖုန်း၏error ကိုရှင်းခဲ.သောအခါက ရခဲ.သော သံဝေဂသည် အနည်းနှင်.အများအကျိုးပြု.ပါလိမ်.မည် ။ :)
:P
နောက်တစ်ခုအနေဖြင်. ဖုန်း၏ Hardware Error များကို မိမိဖာသာဖြေရှင်းပုံကိုဆက်လက်တင်ပြပါမည်။
ဖုန်း ၏ Hardware ပိုင်းနှင်.ပက်သက်သော Error များမှာ အောက်ပါအတိုင်းဖြစ်ပါသည်...
၁။ ဖုန်းပြောရာတွင်တစ်ဖက်မှအသံမကြားခြင်း
၂။ဖုန်းပြောရာတွင်မိမိပြောသောအသံကို တစ်ဖက်မှာမကြားခြင်း
၃။စပီကာပျက်၍ သီချင်းနားထောင်မရခြင်း
၎။touch screen နှိပ်၍မရတော.ခြင်း
၅။ပါဝါမတက်ခြင်း
၆။ပါဝါတက်သောလည်း ရုပ်မလာခြင်း
ရ။key များနှိပ်မရခြင်း
၈။ network လိုင်းမတတ်ခြင်းစသော error အမျိုးမျိုးကိုဖြေရှင်းပုံကိုပြောပြပါမည်။
ဤသို.သောerror များဖြစ်ပါက အများစုမှာမိမိဖာသာမဖြေရှင်နိုင်ဘဲ ဖုန်းပြင်ဆိုင်များက်ုသာအားကိုးကြရသည်။
ဆိုင်တွင်ပြင်လျှင် ဖြစ်သော errorနှင်. သက်ဆိုင်သော ပစ္စည်းအစိတ်အပိုင်းများကိုလဲလှယ်ရမည်ဆိုလျှင် ပို၍ပင်ငွေကုန်ကြေးကျ
များပေလိမ်.မည်။လက်ခလည်းမနည်းပေးရပေလိမ်.မည်။ ထိုသို.သော အကြောင်းအရာများကို ကိုယ်ချင်းစာမိသော
ကျွန်ုပ် ClUmD34Dk3R သည် မနေနိုင်မထိုင်နိုင် ဤ post လေးကို ရေးသားပေးလိုက်ရပါသည်။
အထက်ကဖော်ပြသောဖုန်းhardwareပိုင်းနှင်.ပက်သက်သော error များကိုကြုံတွေ.ခံစားနေရသောမိဘပြည်သူများအနေဖြင်.
စိတ်ချမ်းသာကြလော.
ClUmD34Dk3R သည် သင်တို.ကို ဖုန်းhardware ပိုင်းနှင်.ပက်သက်သော ဖုန်း Error များကို ပြင်ဆိုင်များကို အားမကိုးဘဲ
အလွယ်ဆုံးနည်းဖြင်.မိမိဖာသာဖြေရှင်းနိုင်အောင်အောက်ပါအတိုင်း ဆရာစားမချန်တင်ပြလိုက်ပါသည်။
အလွယ်ဆုံးHardware Error ဖြေရှင်းနည်းအတွက် အောက်ပါအရာများမလိုအပ်ပါ။
၁။Multi meter box
၂။ခဲဂေါက်
၃။heat ပေးသောအရာများကဲ.သို. မည်သည်.ကိရိယာတန်ဆာပလာမှမလိုပါ....
တစ်ကယ်တန်းလိုအပ်သောအရာမှာ-
၁။ ၅၀တန်ဖယောင်းတိုင်တစ်တိုင်
၂။ရေနံဆီသို.မဟုတ် ဓါတ်ဆီ နို.ဆီဘူးတစ်ဘူးစာ
၃။မီးခြစ် (မရှိမဖြစ်လိုအပ်ပါသည်)၊ မရှိပါက ဒီနေရာမှာ down ပါ။ :)
:P
အထက်ပါ အရာများပြည်.ဆုံပြီဆိုပါက မိမိ Hardware Error ပြင်ဆင်မည်.ဖုန်းကို ပထမဦးစွာ ပါဝါပိတ်လိုက်ပါ။
ပြီးပါက ဖုန်းဘက်ထရီကိုဖြုတ်လိုက်ပါ။ ဖုန်းကိုမည်သည်.USB ကြိုးနှင်.မျှ ချိတ်မထားပါနှင်.။
ပြီးလျှင်ပြင်ရန် ၁မိနစ်စောင်.ဆိုင်းပါ။
ဖုန်းကို ပါဝါပိတ်၊ဘက်ထရီဖြုတ်ပြီးပါက အောက်ပါအတိုင်းလုပ်ဆောင်ပါ။
ဖုန်းကိုမီးစွဲမလောင်နိုင်သော နေရာသို.ချထားလိုက်ပါ။
ပြီးနောက် အသင်.ရှာဖွေထားသောရေနံဆီ သိုမဟုတ် ဓါတ်ဆီ နို.ဆီဘူးတစ်ဘူးစာကိုဖုန်းအပေါ်သို.လောင်းချလိုက်ပါ။
ပြီးနောက် ၅၀တန်ဖယောင်းတိုင်ကို မီးခြစ်ဖြင်.မီးညှိပါ။ မီးညှိပြီးသောဖယောင်းတိုင်ကို ရေနံဆီသို.မဟုတ် ဓါတ်ဆီလောင်းထားသော
ဖုန်းအပေါ်သို. ပစ်ချလိုက်ပါ။
ပြီးပါပြီ :)
:P
ကဲဒါဆိုရင်တော.Hardware Error ပြင်ဆင်ပုံကိုလေ.လာသိရှိပြီးနောက် ကိုယ်တိုင်လက်တွေ.လုပ်ဆောင်နိုင်လိမ်.မယ်လို.
ယုံကြည်ပါတယ်။ :P
:)
ကျွန်တော်ကဘာလဲ..... ..... စီးဆင်းနေတယ် ဒါပေမယ်. ရေမဟုတ်ဘူး ... :P
:)
ClUmD34Dk3R
Subscribe to:
Post Comments (Atom)
This comment has been removed by the author.
ReplyDelete